Sky Bliss Hotel Project
မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်တို့ MKI Hot Water Solution မှ အောက်တိုဘာလမှာ မြန်မာနိုင်ငံရဲ့ အမွေအနှစ် ဒေသတစ်ခုဖြစ်တဲ့ ပုဂံမြို့ရှိ Sky Bliss Hotel တွင် အခန်းပေါင်း (၃၀)ကျော်အား ရေပူစနစ် ရရှိနိုင်ရန်အတွက် ရေပူအပြင် လေအေးကိုပါ ထုတ်ပေးနိုင်သော Rheem Air Source Heat PumpTRT-10(1unit) နဲ့ ရရှိလာသောရေပူများကို ထိန်းသိမ်းရန်အတွက် Stainless Steel Double Jacket Storage Tank 2000L(1unit) တို့ကို ဂုဏ်ယူစွာတပ်ဆင်ပေးခဲ့ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။
Air Source Heat Pump တွေဟာ ပတ်ဝန်းကျင်မှ စိုထိုင်းဆ ပါဝင်သော လေပူကို စုပ်ယူပြီး ရေပူနှင့် လေအေးကို ပြန်ထုတ်ပေးနိုင်တာကြောင့် အသုံးပြုနေစဉ် ရေပူကိုသာမက လေအေးကိုပါ တစ်ပြိုင်ထဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။
အခန်းပေါင်း (၃၀)ကျော်အတွက် ရေပူရရှိနိုင်ရန် Electric Storage WaterHeaterများအသုံးပြုမည်ဆိုပါက60KWလျှပ်စစ်မီးအသုံးပြုရမည်ဖြစ်ပြီး Rheem Air Source Heat Pump အသုံးပြုမည်ဆိုပါက 2.3KWသာ လျှပ်စစ်မီးကို အသုံးပြုရမည်ဖြစ်သဖြင့် လစဉ်လျှပ်စစ် အသုံးပြုမှု ကုန်ကျစရိတ်ကို ၇၅% သက်သာစေတာမို့ အရမ်းကိုသင့်တော်တဲ့ ရေပူစနစ်လည်းဖြစ်ပါတယ်။
Rheem Air Source Heat Pump အသုံးပြု ခြင်းကလည်း အခြား Water Heater တွေထက် Transfomer နဲ့ Generator မှာလည်း လျော့ပြီးအသုံးပြုလို့ရမှာဖြစ်သလို ကနဦးတပ်ဆင်ရာမှာ ကုန်ကျစရိတ်သက်သာစေပါတယ်။
ဒါအပြင် Air Source Heat Pump 1 unit စာအတွက် လျှပ်စစ်အား 2.3kw သာ ကျသင့်မှာ ဖြစ်ပါတယ်။
Hotel ရှိ Transfomer နဲ့ Generator များရဲ့ KVA Capacities ကိုလည်း လျော့နည်းစေတဲ့အတွက် အခြားရေပူစက်များနဲ့ နှိုင်းယှဉ်ပါက လစဉ် ကုန်ကျစရိတ် သိသိသာသာ လျော့နည်းသွားမှာလည်း ဖြစ်ပါတယ်။
.
.
လူကြီးမင်းတို့ရဲ့ ဟိုတယ်၊ ဆေးရုံနှင့် အခြားရေပူလိုအပ်သည့် နေရာတွေမှာ ရေပူစနစ်များ တပ်ဆင်လိုပါက MKI Hot Water Solution မှ လူကြီးမင်းတို့ စိတ်တိုင်းကျ တာဝန်ယူ အကြံပေး တပ်ဆင်ပေးနေပါတယ် ခင်ဗျာ။