x

About

Our Story


ကျွန်တော်တို့ Myanmar Kowa International Co.,Ltd ကို ရန်ကုန်မြို့မှာ #1996 ခုနှစ်က စတင်ပြီး ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်…။

ဒီအစပိုင်းကာလမှာ မွေးကင်းစ MKI လုပ်ငန်းစုဟာ အိမ်နီးချင်း ထိုင်းနိုင်ငံမှတဆင့် အလှကုန်နဲ့ စားသောက်ကုန်ပစ္စည်းများကို ပြည်တွင်းသို့ တင်ပို့ဖြန်ဖြူးခဲ့ပါတယ်…။

Rinnai ထုတ်ကုန်တွေဖြစ်တဲ့ မီးဖိုချောင်သုံး ပစ္စည်းများ၊ အိမ်သုံး လုပ်ငန်းသုံး ရေပူစနစ်များကိုတော့ #2005 ခုနှစ်မှာ စတင်ဖြန့်ချီခဲ့ပါတယ် ခင်ဗျာ…။

#2005 မှ #2015 အတွင်းမှာတော့ ပိုမိုများပြားတဲ့ ထုတ်ကုန်တွေနဲ့ သုံးစွဲသူတွေအတွက် သာလွန်ကောင်းမွန်တဲ့ ဝန်ဆောင်မှုကို ပေးအပ်နိုင်အောင် ကြိုးစားခဲ့ပါတယ်…။

=======================================
လက်ရှိမှာတော့ ရန်ကုန်နဲ့ မန္တလေးမှာ ရုံးချုပ်တည်ရှိပြီး ဝန်ထမ်းပေါင်း 120 ကျော်နဲ့…
မြန်မာပြည်သူတွေအတွက် ကြိုးစားလျက်ရှိပါတယ်ခင်ဗျာ…❤️

Our Brand



မြန်မာသူမြန်မာသားတို့ရဲ့ လူနေမှုဘဝကို လွယ်ကူအဆင်ပြေ ချောမွေ့စေမယ့် ကမ္ဘာအဆင့်မှီထုတ်ကုန်များ
================================

ကျွန်တော်တို့ MKI Co.,Ltd မှ ကမ္ဘာ့တစ်ဝှမ်း လူသိများပြီး အရည်အသွေး ပြည့်မှီကောင်းမွန်တဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ် များကို ဖြန့်ချီလျက်ရှိပါတယ်…။

1…။ နည်းပညာမြင့်မားပြီး ဂျပန်နိုင်ငံမှ ထုတ်လုပ်ဖြန့်ချီတဲ့ #Rinnai တံဆိပ် မီးဖိုချောင်သုံး ကိရိယာ တန်ဆာပလာများ နှင့် စီးပွားဖြစ် ရေပူ စနစ်များ

2…။ ပြင်သစ် နိုင်ငံ အခြေစိုက် #Brandt နှင့် #De Dietrich အမှတ်တံဆိပ် မီးဖိုချောင် နှင့် အိမ်သုံး ပစ္စည်းများ

3…။ Malaysia နိုင်ငံမှ ထုတ်လုပ်ဖြန့်ချီသည့် #SCI တံဆိပ် မီးဖိုချောင် သုံး ဗီရို ၊ အဝတ်အစား ဗီရို နှင့် ရေပူစနစ်များ

4…။ USA အခြေစိုက် #Rheem ၏ အိမ်သုံး၊ လုပ်ငန်းသုံး ရေပူစက်များ

5…။ USA အခြေစိုက် Brands များ ဖြစ်တဲ့ #Pentair #Everpure နှင့် #General Electric တို့၏ လူနေအိမ်သုံး ၊ လုပ်ငန်းသုံး ရေပူရေအေး စနစ်များ

ဒီလိုမျိုး နိုင်ငံတကာမှ နာမည်ကြီး အမှတ်တံဆိပ်များကို ကျွန်တော်တို့ MKI မှ ချစ်လှစွာသော မိဘပြည်သူ များထံသို့ ဖြန့်ချီနေပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်…။